ရွှေမဟာ ရတနာ's albums

About

Shwe Maha Pearl & Jewelry ရတနာဆိုင်ကို ( ၁၉၉၂ ) ခုနှစ်မှာ စတင်တည်‌ထောင်ပြီး အရည်အသွေးမြင့် မြိတ်ပုလဲများကို စတင်ရောင်းချခဲ့တာပဲဖြစ်ပါတယ်။စတင်ရောင်းချခဲ့ချိန်ကစပြီး ပုလဲများကို လက်လီ လက်ကားရောင်းချခဲ့ပါတယ်။ ( ၁၉၉၄ ) ခုနှစ်မှာတော့ ဗိုလ်ချုပ်စျေးမှာ ဆိုင်ခန်းစတင်ဖွင့်လှစ်ပြီး မိတ်ဟောင်းမိတ်သစ်များကို ဆက်လက်ပြီး ဝန်ဆောင်မှုပေးခဲ့ပါတယ်။ ဆိုင်ဖွင့်ပြီးနောက်မှာတော့ ပုလဲအပြင် တခြားသော စိန် နှင့် ကျောက်မျိုးစုံကို အရည်အသွေးဦးစားပေးစနစ်နဲ့ရောင်းချပါသေးတယ်။( ၂၀၁၃ )ခုနှစ်မှာတော့ ဗိုလ်ချုပ်စျေးမှာပဲ ရွှေမဟာ ဆိုင်ခွဲ (၂) ကို ထပ်မံဖွင့်လွှစ်ပြီး စနစ်တကျ သင်ကြားပေးထားတဲ့ ဝန်ထမ်းများနဲ့ အကောင်းဆုံး ဝန်ဆောင်မှုများ ပေးခဲ့ပါတယ်။ ( ၂၀၁၉ ) ခုနှစ်အရောက်မှာ Time City တွင် ဆိုင်ခွဲအနေနဲ့ ထပ်မံဖွင့်လှစ်ပြီး မြန်မာတစ်နို်င်ငံလုံးမှ မိတ်ဆွေများ ဝယ်ယူရပိုမိုလွယ်ကူအောင် လုပ်ငန်းချဲ့ထွင်ခဲ့ပါတယ်။ အခုဆိုရင်တော့ အားလုံးကြုံတွေ့နေရတဲ့ အခြေအနေအခက်အခဲများကြောင့် Social Media ပေါ်မှာ ပုလဲ နဲ့ ရတနာများကို ယခင်ကထက်ပိုမို တန်တဲ့စျေးနှုန်းနဲ့ ဝယ်ယူလို့ရအောင် ဝန်ဆောင်မှုဆက်လက်ပေးနေဆဲပဲဖြစ်ပါတယ်ရှင့်။ ရွှေမဟာ ရတနာဆိုင်ဟာ နှစ်ပေါင်း (၃၀) ကျော်တိုင် ချစ်မိတ်ဆွေများအတွက် မျိုးစဉ်ဆက်အကောင်းဆုံး ဝန်ဆောင်မှုများဖြင့် စံတစ်ခုထားပြီး ရောင်းသူ ဝယ်သူအပြန်အလှန်အကျိုးသက်ရောက်မှုရှိစေရန် ကြိုးစားလုပ်ဆောင်လျှက်ရှိတဲ့အပြင် နောင်လာမယ့် နှစ်များမှာလည်း ဝယ်ယူအားပေးတဲ့ မိတ်ဆွေများ ပိုမိုအကျိုးအမြတ်များစေမယ့် အစီအစဉ်များ ကို ဆက်လက်ဆောင်ရွက် သွား မည် ဖြစ်ပါတယ် နော်….

Buy Now

You will find the latest information about our company here. You will find the latest information about our company...